ပင်လယ်နက်မှ တစ်ဆင့် ယူကရိန်းဆိပ်ကမ်းများသို့ သွားလာနေသော သင်္ဘောအားလုံးကို ရုရှားသတိပေး

ဇူလိုင်လ ၁၉ ရက် ဗုဒ္ဓဟူးနေ့ ညသန်းခေါင်အချိန်ကစပြီး ပင်လယ်နက်ကနေ ယူကရိန်းဆိပ်ကမ်းကို ရွက်လွှင့်နေတဲ့ သင်္ဘောတွေအားလုံးဟာ ယူကရိန်းအတွက် စစ်ဘက်ဆိုင်ရာထောက်ပံ့ပို့ဆောင်ရေး ကုန်တင်သင်္ဘောတွေအဖြစ် ယူဆခံရမယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။

အဆိုပါသင်္ဘောတွေမှာ လွှင့်ထူထားတဲ့ နိုင်ငံတော်အလံတွေဟာ ကိယက်ဗ်ဘက်ကနေ ပါဝင်သူတွေလည်း သတ်မှတ်မယ်လို ဆိုပါတယ်။ ဒါ့အပြင် ပင်လယ်နက်ရဲ့ အနောက်မြောက်နဲ့ အရှေ့တောင်ဘက် အပြည်ပြည်ဆိုင်ရာရေပြင်ဒေသအများအပြားကိုလည်း ရေကြောင်းသွားလာမှုအတွက် အန္တရာယ်ရှိတယ်လို့ ကြေညာထားကြောင်းသိရပါတယ်။