ယူကရိန်းရဲ့ ပိုင်နက်နယ်မြေအား စွန့်လွှတ်ရမည်ဟူသောအချက်ပါဝင်သည့် မည်သည့်ကမ်းလှမ်းချက်မျိုးမှလက်ခံမည်မဟုတ်

ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့်ဖြစ်ပွားလျက်ရှိတဲ့ စစ်ရေးပဋိပက္ခအဆုံးသတ်ရေးနှင့်ပတ်သက်၍ အဆိုပြုကမ်းလှမ်းချက်များတွင် ၎င်းတို့၏ပိုင်နက်နယ်မြေအား စွန့်လွှတ်ရမည်ဟူသောအချက်ပါဝင်သည့် မည်သည့်အဆိုပြုကမ်းလှမ်းချက်ကိုမဆို လက်ခံသွားမည်မဟုတ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလာ (Dmeytro Kuleba) က ပြောကြားခဲ့ပါတယ်။ ယူကရိန်းနိုင်ငံ၏ ငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်ရာတွင် ၎င်းတို့နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကိုလေးစားလိုက်နာမှုပေါ်မူတည်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယူရေးရှားရေးရာဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်နှင့် ရုရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟောင်းဖြစ်သူ လီဟွေ (Li Hui) နှင့်ပြုလုပ်တဲ့ ဆွေးနွေးပွဲတွင် ကူလီဘာကပြောဆိုခဲ့ကြောင်းသိရပါတယ်။