သရုပ်ဆောင်အကယ်ဒမီ မေသဥ္ဇာဦး၏သား ယာဥ်တိုက်မှုဖြင့်ကွယ်လွန်

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ဗညားဒလလမ်းတွင် ဒီဇင်ဘာလ ၂၅ ရက်ည ၁၀ နာရီ ၃၀ မိနစ်အချိန်၌ မော်တော်ယာဥ် တစ်စီးသည် လမ်းလယ်ဓါတ်တိုင် အားဝင်တိုက်ရာ ယာဉ်မောင်းသေဆုံးခဲ့ပါတယ်။

ရှင်ပါကူဆေးခန်းဘက်မှ ကျောက်မြောင်းမီးပွိုင့်ဖက်သို့ မောင်းလာသောMDY 15 9R/3105 KIA Carnvial ကားသည်ကျောက်မြောင်းမီးသတ်အရှေ့တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ဓါတ်တိုင်ကို ဝင်တိုက်မိသဖြင့် ယာဥ်မောင်း ကိုမင်းသန်းကျော် (၂၇ နှစ်) တွင် ဦးခေါင်းနောက်စေ့စုတ်ပြဲဒဏ်ရာများရပြီး ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ကုသစဉ် သေဆုံးသွားခြင်းဖြစ်သည်။

သေဆုံးသူ ကိုမင်းသန်းကျော်သည် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီမေသဥ္ဇာဦး၏သားအကြီးဖြစ် ကြောင်းသတင်းသိရှိရပါတယ်။