ဒီဇင်ဘာ ၂၆ ရက်နေ့မှုခင်းသတင်းများ

-ဒီဇင်ဘာ ၂၅ ရက် ၁၀၀၀ နာရီတွင် အောင်လံမြို့နယ်၊ နှောက်စမ်းကျေးရွာနေ ဦးညွန့်မောင်(၅၆)နှစ်၊ တောင်သူ လုပ်ကိုင်သူသည် နေအိမ်တွင်ရှိနေစဉ်  အကြမ်းဖက် PDF ကျား ၄ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ဓားဖြင့် ထိုးသတ်သွားခဲ့ရာ ဦးညွန့်မောင်တွင် ရင်ညွှန့်ထိုးသွင်းဒဏ်ရာ ၁ ချက်ဖြင့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၂၅ ရက် ၁၉၀၀ နာရီတွင် တောင်သာမြို့နယ်၊ တပင်ကန်ကျေးရွာတွင် နေထိုင်သော ဦးဟန်ထွန်းအောင်(၄၈)နှစ်သည် ၎င်းပိုင်ဆိုင်သော ကြက်သွန်ခင်းမှ ရေလောင်းပြီးပြန်လာစဉ် တပင်ကန်(တ) ကျေးရွာနေရာသို့ ရောက်ရှိစဉ် အကြမ်းဖက်သမား ကျား ၅ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့်    ၁ ချက် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးဟန်ထွန်းအောင်တွင် လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၂၅ ရက် ၉၄၅   နာရီတွင်  နတ်မောက်မြို့နယ်၊ စခန်းမကျေးရွာအုပ်စု၊ စမ်းကုန်းကျေးရွာနေ ဦးကျော်မြင့်(၄၅) နှစ်၊ တောင်သူလုပ်ကိုင်သူသည် နေအိမ်၌ရှိနေစဉ်အကြမ်းဖက်သမား ကျား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၁ ချက် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးကျော်မြင့်တွင် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ဖြင့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၂၅ ရက် ၀၈၁၅ နာရီတွင် ကျောက်တံခါးမြို့နယ်၊ ဘာဘူကုန်းကျေးရွာပေါ်သို့ အကြမ်းဖက် (PDF) အဖွဲ့ မှ Drop-Bomb ဖြင့် ဖြုတ်ချတိုက်ခိုက်ခဲ့သဖြင့် အဆိုပါ Drop-Bomb သည် ဘာဘူကုန်းကျေးရွာနေ ဒေါ်ဒေဝန်သီး(၃၅)နှစ်၏ နေအိမ်ရှေ့သို့ ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် ဒေါ်ဒေဝန်သီး(၃၅)နှစ်တွင် မျက်နှာပေါက်ပြဲ၊  ဝဲရင်အုံပေါက်ပြဲ၊  ဝဲခြေသလုံးပေါက်ပြဲ ဒဏ်ရာ(မစိုးရိမ်ရ)၊ မောင်ထိန်လင်း(၆)နှစ်တွင် ဝဲခြေဖဝါးစုတ်ပြဲဒဏ်ရာ (မစိုးရိမ်ရ)၊ ဒေါ်သေသရီး(၄၀)နှစ်တွင် ယာပေါက်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊ ဦးကျော်အောင်(၃၇)နှစ်တွင် ဝဲတင်ပါးပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ)၊ ရရှိခဲ့ကြောင်း သိရှိရ။