တဲရော့ဗေဒင် (Tarot) (၂)

tarot

တဲရော့/တားရော့ ဗေဒင် ဆိုတာဘယ်လိုမျိုးလဲ
ဗေဒင်မေးသလိုပါပဲ၊ သိလိုတဲ့မေးခွန်း တစ်ခုခုကို မေးလိုက်ရင် ဖဲချပ်လိုကတ်လေးတွေ ကို ရွေးချယ်ပြီး ကတ်မှာပါတဲ့ အဓိပ္ပာယ် တွေကို နားလည်တဲ့သူကဖတ်ပေးတာဖြစ်ပါတယ်၊ ခုဆို တဲရော့ Facebook Group တွေမှာ Live လွှင့်ပြီး ဟောပြော တာတော်တော်လေး ခေတ်စားနေတာ တွေ့ရပါတယ်။ လူငယ်တွေ ကြားမှာ ရေပန်းစားတဲ့ Tarot Reader တွေကတော့ ဆရာလာဘ်ပွင့်အောင်၊ ဆရာရန်နိုင်လင်း၊ ဆရာအောင်နိုင်သူ၊ ဆရာသိန်းထိုက်စံ၊ Goddess Tarot မမြဇ္ဇူ၊ Tarotနေထူး အစရှိတဲ့ လူငယ် တားရော့ဆရာတွေပဲဖြစ်ပါတယ်။
တဲရော့ကတ်တွေကိုကြည့်ကြရအောင်။ တဲရော့ကတ်တွေမှာ အဓိက သော့ချက် ကတ် ၂၂ ကတ်(Major arcana)၊ အထောက်အကူကတ် ၄၀ကတ်(Minor arcana)၊ဆက်သွယ်ချက် ကတ် (Court card) ၁၆ကတ်၊ စုစုပေါင်း ၇၈ ကတ်ပါဝင် တာကိုတွေ့ရပါတယ်။ ကတ်အမျိုးအစား မူကွဲတွေအများအပြား ရှိကြပေမယ့် ပုံမှာပြထားတဲ့ ရိုက်ဒါကတ် (Rider Waite) တွေကတော့လူသုံးအများဆုံး ကတ်တွေဖြစ်ပါတယ်။ တဲရော့ဗေဒင် (Tarot) အကြံပြုအစီအစဉ်ကိုတော့ ရဲဝံ့စွန့် စားပြည်ချစ်သား အင်တာနက်စာမျက်နှာမှာ မကြာမီထည့်သွင်းတင်ဆက်ပေး သွားမှာဖြစ်လို့ ဘယ်လိုမေးရမလဲ၊ မေးခွန်းတွေကို ဘယ်လိုဖြေကြားပေးမလဲဆိုတာ ကိုဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဆက်ရန်..