(Bilateral Meeting) မြန်မာ VS ဘင်္ဂလားဒေ့ရှ်

ဗိုလ်ချုပ်ကြီး မိုးအောင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Tarique Ahmed SIDDIQUE နှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးရာတွင်
(၁) ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ AA သကသများအား ထောက်ခံအားပေးခြင်းမပြုကြောင်း၊
(၂) မိမိတို့နယ်မြေကို AA သကသများ အသုံးချခြင်း၊ လက်နက်/ခဲယမ်းသယ်ဆောင်ခြင်းများအား လုံးဝ (လုံးဝ) ခွင့်မပြုပါကြောင်း၊
(၃) AA သကသအဖွဲ့က ဘင်္ဂါလီများကို လုပ်ကြံသတ်ဖြတ်ခြင်းအား လက်မခံကြောင်း
ဆွေးနွေးခဲ့ကြပြီး မြန်မာဘက်က
(၁) ဘင်္ဂါလီ (ပ)အသုတ် ပြန်လည်လက်ခံရေးအတွက် အားလုံးပြင်ဆင်ထားသော်လည်း AA အဖွဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် နှောင့်နှေးမှုများဖြစ်ပေါ်ခဲ့ရမှု
(၂) AA အဖွဲ့က မူးယစ်ဆေးဝါးကုန်ကူးမှုလုပ်ငန်းများကို ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှားမှတစ်ဆင့် ဆောင်ရွက်နေမှု
စတဲ့အချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။