ဧပြီလ ၂၉ ရက်နေ့ တိုက်ပွဲသတင်းများ

ဧပြီလ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။ 💥💥💥💥💥💥💥💥

ကယားပြည်နယ်

မိုးဗြဲမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် ၃ ထပ်တိုက်အနီးသို့အရောက် နေရာ ၂ နေရာမှ KNDFနှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၃၀ ဦးခန့်က စတင်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ မိမိဘက်မှ ထိခိုက်မှုမရှိဘဲ ရန်သူဆုတ်ခွာရာနောက်သို့ ထပ်ချပ်လိုက်လံရှင်းလင်းလျက်ရှိ။

ကရင်ပြည်နယ်

ဖာပွန်မြို့နယ် တံခွန်တိုင်ကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသော နေရာသို့ KNLA တပ်မဟာ (၅) ၊ ရင်း(၁၀၂) နှင့် အကြမ်းဖက်ပူးပေါင်းအင်အား (စိစစ်ဆဲ) အဖွဲ့က Drone ၃ စီး Drop Bomb ၄၆ လုံးဖြင့် ၂ ကြိမ်၊ နေရာ ၂ နေရာမှ အင်အား ၈၀ ဦးခန့်က ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။

ကော့ကရိတ်မြို့နယ် ငါးတိုင်ရွာအနီး လုံခြုံရေးဆောင်ရွက်နေသောနေရာသို့ KKO(ခွဲထွက်)နှင့် အကြမ်းဖက်ပူးပေါင်းအင်အား (စိစစ်ဆဲ) အဖွဲ့က Drone ဖြင့် Drop Bomb ချတိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။

KKO(ခွဲထွက်) အဖွဲ့များသည် ကော့ကရိတ်မြို့အနီးသို့ ချဥ်းကပ်နိုင်ခြင်းမရှိဘဲ အဝေးမှသာ ဒရုန်းများ အသုံးပြုပြီးDrop Bomb ချ တိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိ။

ရခိုင်ပြည်နယ်

ကျီးကန်းပြင်သို့ AA သောင်းကျန်းသူ အင်အား(စိစစ်ဆဲ) အဖွဲ့က စနိုက်ပါ၊ လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။

အမ်းမြို့နယ်မြေခံတပ်ရင်းသို့ AA သောင်းကျန်းသူ အင်အား(စိစစ်ဆဲ) အဖွဲ့က လက်နက်ကြီး ၁၁ လုံးဖြင့် ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။

ရှမ်းပြည်(မြောက်ပိုင်း)

နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာရှိ အကြမ်းဖက်အဖွဲ့အား လက်နက်ကြီးနဲ့ လေကြောင်းဖြင့် ကြိုတင်ပစ်ခတ်ချေမှုန်း၍ အဆင့်ဆင့်ခြေကုပ်ယူ ချဉ်းကပ်တိုက်ခိုက်စဉ် ကျေးရွာအတွင်း ဘုန်းကြီးကျောင်းနှင့် နေအိမ်များအတွင်းမှ အကြမ်းဖက်သူအင်အား ၁၅၀ ဦးခန့်က ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။

မိမိစစ်သည် ၁ ဦး ကျ၊ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ကြားဖြတ်သတင်းများအရ လေကြောင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်သောင်းကျန်းသူ ၂၃ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာ ရရှိသွားကြောင်း သိရှိရ။

မျက်မြင်တွေ့ရှိသူ ရွာသားများ၏ ပြောကြားချက်အရ သေဆုံးသူအလောင်းများနှင့် ဒဏ်ရာရရှိသူများအား 4 wheel ကားများဖြင့် သရက်ကုန်းကျေးရွာအရှေ့ဘက်သို့ ဆုတ်ခွာသွားကြောင်း သိရှိရ။