ဖိလစ်ပိုင်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုကြောင့် လူ ၂၁ ဦး ထပ်မံသေဆုံး

ဖိလစ်ပိုင်နိုင်ငံတွင် ဒီဇင်ဘာ၂၅ ရက် တစ်ရက်တည်းမှာပင် လူ ၆၆၆ ဦး ကိုဗစ်-၁၉ရောဂါပိုး ထပ်မံကူးစက်ခံရပြီး
ရောဂါကူးစက်မှုကြောင့် လူ ၂၁ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရပါတယ်။
နိုင်ငံအတွင်း၌ ရောဂါပိုး ကူးစက်မှုများ ဆက်လက်မြင့်တက်လာမှုကြောင့် ရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်းဦးရေမှာ
၄၀၆၁၆၆၃ ဦးအထိမြင့်တက်လာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။ မနီလာမြို့ ဒေသအတွင်း
လူ ၁၃ သန်း နေထိုင်လျက်ရှိရာ ယင်းဒေသအတွင်းမှာပင် ရောဂါပိုး ထပ်မံကူးစက်ခံရသူ ဦးရေမှာ ၂၅၅ ဦးရှိ
နေပြီဖြစ်ပါတယ်။
ရောဂါပိုးထပ်မံ ကူးစက်မှုကြောင့် နိုင်ငံအတွင်းရှိ သေဆုံးသူ အရေအတွက်မှာ လက်ရှိတွင် ၆၅၂၃၆ ဦးအထိ
မြင့်တက်လာပြီဖြစ်တယ်လို့ သိရှိရပါတယ်။
ဖိလစ်ပိုင်အစိုးရသည် နိုင်ငံအတွင်းရှိ လူဦးရေသန်း ၁၁၀ ခန့်ရှိသည့်အနက် ၇၃ဒသမ ၈ သန်းအား ကာကွယ်ဆေး
အပြည့်အဝ ထိုးနှံပေးထားပြီးဖြစ်ကြောင်း သိရပါတယ်။