တောင်ကိုရီးယားမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၄၄ ဦးသေဆုံး

ဇူလိုင်လ ၁၅ ရက် မှ ၁၈ ရက်အထိ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် တောင်ကိုရီးယားနိုင်ငံ၌ လူ၄၄ဦးသေဆုံးပြီး ၆ဦးပျောက်ဆုံးနေသေးကြောင်း တောင်ကိုရီးယား ဗဟို ဘေးအန္တရာယ်ရင်ဆိုင်ဖြေရှင်းရေးဌာနချုပ်မှ ၁၈ ရက်နေ့ထုတ်သတင်းအရ သိရပါသည်။
တောင်ကိုရီးယားစစ်တပ်မှ ၁၅ရက်နေ့မှ ယခုအထိ ဘေးအန္တရာယ် ကယ်ဆယ်ရန်အတွက် တပ်မှူးတပ်သားဦးရေ ၂သောင်း ၂ထောင်ကို စေလွှတ်ခဲ့ပြီး စက်ကိရိယာ အလုံး ၅၄၀ကို သုံးစွဲပြီဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံတော်ကာကွယ်ရေး ဝန်ကြီးဌာနမှ ၁၈ရက်နေ့ထုတ်သတင်းအရ သိရပါတယ်။

Crd