မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှ လူငယ်တံခွန်စိုက် ကြက်တောင်ပြိုင်ပွဲ ကျင်းပမည်

မြန်မာ့ကြက်တောင်အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်အတွက် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်သည် ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ကြက်တောင်အားကစားအောင်နိုင်ရေးလုပ်ငန်းများအား အရှိန်အဟုန်မပျက် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လူငယ်တံခွန်စိုက် ကြက်တောင်ပြိုင်ပွဲ(၂၀၂၃) ကို လာမည့် စက်တင်ဘာလ ၂၇ ရက်မှ ၃၀ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြိုနယ်ရှိ အမျိုးသားကြက်တောင်အားကစားခန်းမတွင် အသက် ၉ နှစ်အောက်မှ ၁၉ နှစ်အောက်အထိ ပြိုင်ပွဲအမျိုးအစား (၃၀) ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။