အာဆီယံနှင့် အိန္ဒိယ ကူးလူးဆက်သွယ်ရေး ပူးပေါင်းမှုများနှင့် ပတ်သက်၍ ဆွေးနွေး

အာဆီယံနှင့် အိန္ဒိယ ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ကူးလူးဆက်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အာဆီယံအဖွဲဝင်နိုင်ငံများမှ သံအမတ်ကြီးများ ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

အာဆီယံ – နယူးဒေလီကော်မတီ (ANDC) ၏ အစီအစဉ်ဖြင့် နယူးဒေလီမြိုအခြေစိုက် အာဆီယံ အဖွဲဝင်နိုင်ငံ သံအမတ်ကြီးများမှ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ Secretary (East) အဖြစ် မကြာသေးမီက စတင်တာဝန်ထမ်းဆောင်သည့် H.E. Shri Jaideep Mazumdar အား ဧပြီ (၁၉) ရက်က နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်ခဲ့ကြောင်း သိရသည်။