နောက်ဆုံးထုတ်လိုက်သော“တရုတ်စံပြမြေပုံ”ကို မလေးရှားကန့်ကွက်

မလေးရှားဘော်နီယိုကမ်းရိုးတန်းဒေသများအပါအဝင် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုထားသည့် တရုတ်မြေပုံအသစ်ကို မလေးရှားက ပယ်ချလိုက်သည်။

မလေးရှားအစိုးရက ‘ရှုပ်ထွေးပြီး အကဲဆတ်သော’ ရေပိုင်နက် အငြင်းပွားမှုအား တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းရန် လိုအပ်သည်ဟု ဆိုသည်။အဆိုပါကိစ္စကို ကျင့်ဝတ်ဆိုင်ရာ သဘောတူညီချက်အမြန်ချုပ်ဆိုရန်တိုက်တွန်းထားသည်။