သုခရှင်ဆန်ဆိုင်ကို ဓားပြတိုက်သွားတဲ့ တရားခံ ၉ ဦးအား ဖမ်းဆီးရမိ

ဩဂုတ်လ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက် ဘုရင့်နောင်လမ်း ဇေယျာမွန်အိမ်ရာ တိုက် ‌၁ အခန်း၁၀၅ တွင်ဖွင့်လှစ်ထားသည့် သုခရှင်ဆန်ရောင်းဝယ်ရေးရုံးခန်းအား ဓါးများဖြင့်ခြိမ်းခြောက်ကာ ငွေ ၁၈၈ သိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံးတိုအား လုယက်ယူဆောင်ခဲ့သူ တရားခံ ကျား၉ ဦးတိုအား ပြစ်မူကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် Proboxယာဥ်တစ်စီးနှင့်အတူဩဂုတ်လ ၃၁ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။