ဗန်းမောက်မြို့နယ်၊ အောင်သာကုန်းရပ်ကွက်ရှိ စစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် ဗန်းမောက်မြို့နယ်

အောင်သာကုန်း ရပ်ကွက်တွင်ရှိသော မြိုအဝင်စုပေါင်း စစ်ဆေးရေးဂိတ်တွင်

လုံခြုံရေးအဖွဲ့များက အများပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက်

လူ/ယာဉ် သွားလာမှုများအား စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ အင်းတော်မြို့ဘက်မှ

ထိန်းဝင်း မောင်းနှင်လာသော ဆိုင်ကယ် ၁ စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ဆိုင်ကယ်တူးဗောက်အတွင်းမှ

ပလပ်စတစ်အနက်ရောင်ဖြင့် ထုတ်ထားသည့် မူးယစ်ဆေးဝါး ဆပ်ပြာခွက်များနှင့်

ဆိုင်ကယ်ကာဗာအတွင်း သိမ်းဆည်းသယ်ဆောင်လာသည့် မူးယစ်ဆေးဝါး ဆပ်ပြာခွက်များအား စစ်ဆေးတွေ့ရှိခဲ့ပါသည်။
အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ ထိန်ဝင်းအား လုံခြုံရေးအဖွဲ့များက တရားဉပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ZAWGYI






