ပေါက်မြို့နယ်၊ ကျားသိုက်ကျေးရွာအတွင်း PDF များ၏ လက်နက်ခဲယမ်း၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

၂၀၂၃ခု နှစ်၊မတ်လ ၃၁ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အုံးတောကျေးရွာမှစ၍ နယ်မြေရှင်းလင်းရေးများဆောင်ရွက်ခဲ့ရာ ကျားသိုက် ကျေးရွာဝန်းကျင်အရောက်တွင် PDF အမည်ခံအကြမ်းဖက်သမားများမှ ၎င်းတို့၏ လက်နက်ခဲယမ်းများ၊ အသုံးအဆောင်ပစ္စည်းများအား ထားခဲ့၍ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြပြီး PDF အကြမ်းဖက်သမားများထံမှ-
👉- လက်လုပ်သေနတ်– (၂) လက်
👉- လက်လုပ်မိုင်း— (၁၉) လုံး
👉- လက်လုပ်ဗုံးသီး —(၁၆) လုံး
👉- ဒီတိုနေတာ—- (၈၆) ချောင်း
👉- ဝါးညှပ်ခလုတ် —(၆) ခု
👉- ဆားကစ်အုံ— (၅) ခု
👉- စနစ်အမြန်ကြိုး– (၁) ချောင်း
👉- အနှေးယမ်းကြိုး —(၁) ခွေ
👉- ချိန်ကိုက်နာရီသေး— (၄) လုံး
👉- ပါဝါဓာတ်ခဲဘူး —-(၃) ဘူး
👉- အလံ (၃) —ထည်
👉- အားမြှင့်ယမ်း —(၁) ထုပ်
👉- ကန့်မှုန့် —(၁) ထုပ်
👉- ဒီဂျစ်တယ်ကတ္တာ —(၁) ခု
👉- cutter –(၃) ခု တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။