ဒီဇင်ဘာ ၄ ရက်နေ့တိုက်ပွဲသတင်းများ

၁။ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင်အတွင်းရှိ ကျိုက်ဒုံနယ်မြေရဲစခန်းသို့ KNLA တပ်မဟာ ၆နှင့် PDF ပူးပေါင်းအင်အား ၅၀၀ ဦးခန့်က နံနက် ၁၀ နာရီခန့်တွင် ဒရုန်း ၁ စီးဖြင့် Drop Bomb ၆ လုံးဖြုတ်ချတိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး ရန်သူထံမှ ဒလက် ၆ ခုပါ ဒေသန္တရလုပ် Drone ၁ စီး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရ။

၂။ကရင်ပြည်နယ် ကော့ကရိတ်မြို့ရှိ တံတားဦးဂိတ်သို့ နေရာ ၂ နေရာမှ KKO(ခွဲထွက်)နှင့် PDF ပူးပေါင်းအင်အား ၁၅၀ ဦးခန့်တို့ လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ကေကြာင်း သိရှိရ။

၃။တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် လေညာဘက်တွင် ခိုအောင်းနေသော KNU+PDFအကြမ်းဖက်များအား သွားရောက်ရှင်းလင်းစဉ် KNU+PDFအကြမ်းဖက် ၂၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်အလောင်း ၂ လောင်း၊ -အမ်-၁၆ သေနတ် ၁ လက်၊ ကျည် ၁၀ တောင့်၊ အမ်-၁၆ ကျည်အိမ် ၂ ခု၊ -လက်လုပ်မိုင်းတွင် အသုံးပြုသည့် ဖြူးစ် ၂၀ ချောင်း တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

၄။ရခိုင်ပြည်နယ် ပေါက်တောမြို့ရှိ ရဲစခန်းများသို့ AA သောင်းကျန်းသူများမှ အင်အား ၂၀ ဦးခန့်ဖြင့်လည်းကောင်း၊ ၃၀ ဦးခန့်ဖြင့်လည်းကောင်း လာရောက်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရ။

၅။စစ်ကိုင်းတိုင်းဒေသကြီး ထီးလင်း-ဂန့်ဂေါဒေသ ရေမျက်နီစခန်းသို့ နေရာ ၂ နေရာမှ PDF ၁၀၀ ဦးခန့်လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

၆။ စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့၊ ဝင်းသီရိခန်းမ၊ အထက(၄)နှင့် ကျောက်စေတီကျောင်းနေရာများသို့ KIA+PDF များက အင်အား ၂၀ ဦးခန့်၊ ၆၀ ဦးခန့်ဖြင့် ၂ ကြိမ် လာရောက်တိုက်ခိုက်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရပြီး ရန်သူများအနေဖြင့်ထိခိုက်ကျဆုံးမှုများရှိသော်လည်း အလောင်းများနဲ့ ဒဏ်ရာရရှိသူများကို ပြန်လည် သယ်ဆောင်သွားခဲ့ကြောင်း သတင်းပေးများထံမှသိရှိရ။

၇။မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ကက္ကူလမ်းဆုံသို့ နံနက် ၆ နာရီခွဲခန့်တွင် KIAနှင့် PDF ပူးပေါင်း ၁၅၀ ဦးခန့်က Drop Bomb များ၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

၈။ ပဲခူးတိုင်းဒေသကြီး မုန်းမြို့ မုန်းသံတံတား၏အရှေ့တောင်ဘက်၌ လုံခြုံရေးတပ်ဖွဲ့များနှင့် KNLA ၃၅ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း KNLA ၃ လောင်းနှင့် လက်နက် ၃ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။