အရာတော်မြို့နယ်၊ သစ်ကျင်းကြီးကျေးရွာတွင် PDF များနှင့် ထိတွေ့မှုဖြစ်ပွား

ယနေ့နံနက်ပိုင်း ၈ နာရီ ခွဲခန့်တွင် အရာတော်မြို့နယ်၊ သစ်ကျင်းကြီးကျေးရွာတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးပူးပေါင်းအဖွဲ့များအား PDF များက လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးအဖွဲ့များက ပြန်လည်ပစ်ခတ်ခဲ့ရာ pdf များဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဆုတ်ခွာရာလမ်းကြောင်းစ်လျှောက်ရှိ နေအိမ်များအား မီးရှို့ထွက်ပြေးသွားကြောင်း သိရှိရပါသည်။
PDF များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာအတွင်းရှိ ပြည်သူများ၏ နေအိမ် ၃ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကာ အကြမ်းဖက်သမားများထံမှ–

-PDF အလောင်း– ၁လောင်း၊

-လက်လုပ်ပစ္စတို —၁ လက်၊

-KIA ထုတ်သေနတ် ၁ လက်၊

-ကျည်ဆံများအား သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေး ပူးပေါင်းအဖွဲ့များမှ ထိခိုက်မှုမရှိကြောင်း သိရှိရပါတယ်။