အကြမ်းဖက် KNU/PDF အဖွဲ့က ကော့ကရိတ်မြို့အတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်

ဇွန်လ ၂၀ ရက် မနက် ၉ နာရီခန့်တွင် အကြမ်းဖက် KNU/PDF အဖွဲ့သည် ကော့ကရိတ်မြို့အတွင်းသို့ ရေလည်မြိုင်ဘက်မှနေ၍ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ပြီး ၂ လုံးမှာ အမှတ် ၂ ရပ်ကွက်ရှိ ဇောတိကာရာမ ဘုန်းကြီးကျောင်းဝင်းအတွင်း ၁ လုံးနှင့် အမက ၃ ကျောင်းဝင်းအတွင်း ၁ လုံး ကျရောက်ပေါက်ကွဲခဲ့သည်။
ပစ်ခတ်မှုကြောင့် လူထိခိုက်မှုမရှိသော်လည်း စာသင်ကျောင်းခြံစည်းရိုးနှင့် အဆောက်အဉီ အနည်းငယ် ထိခိုက်ခဲ့သည်။
အကြမ်းဖက်များ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ၏ အသက်၊အိုးအိမ် စည်းစိမ်မှာ စိုးရိမ်ဖွယ်ဖြစ်လာခဲ့သည်။
ကော့ကရိတ်နယ်အတွင်း ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများလည်း မကြာခန ဖြစ်ပေါ်လျက်ရှိသည်။
“ဗုံးသီးတွင်မျက်စိမရှိ” သည်ကို သူတို့မေ့ထားကြသည်။ သူတို့ mission အောင်မြင်လျင် မည်သည့် side effect ရှိရှိ ဇွတ်လုပ်မည့် တဖက်ပိတ် အကြမ်းဖက်သမားများဖြစ်သည်။