လားရှိုးမြို့နယ်၌ ခရီးသည်တင်ယာဉ်နှင့်ခြောက်ဘီးယာဉ် တိုက်မှုဖြစ်ပွား

ရှမ်းပြည်နယ်၊ လားရှိးမြို့နယ်၊ လားရှိုး -မန္တလေးပြည်ထောင်စုလမ်းမကြီး စဉ့်အင်ကျေးရွာအနီးတွင် ဇွန်လ ၁၉ ရက်နေ့ ည ၆ နာရီအချိန်ခန့်က ခရီးသည်တင်ယာဉ်နှင့် ခြောက်ဘီးယာဉ်တို့ တိုက်မိရာမှ လူ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။