MICC (1) မှာကျင်းပတော့မယ့်၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ

ဖေဖော်ဝါရီလ (၃) ရက် ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ MICC (1)၌ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပသွားမည်ဖြစ်ရာ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ တက်ရောက်မည့်အနုပညာရှင်များ နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်‌ကြောင်း သိရပါတယ်။
၂၀၂၃ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကား(၃၅)ကား အနက်မှ ဆန်ကာတင် ဇာတ်ကား (၁၂) ကားကို ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ရေးအဖွဲ့မှ စိစစ်ရွေးချယ်ထားပြီး ယင်းဇာတ်ကားများထဲမှ ထူးချွန်ဆုရရှိသူများကိုပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါတယ်။ # Crd

ဒီနေ့ အကယ်ဒမီပေးပွဲနော် ဘယ်သူရမယ်ထင်လဲ❓❓
ကိုယ်ရစေချင်တဲ့ အနုပညာရှင်များ ဖြစ်မလားဆိုတာ စောင့်မျှော်ကြည့်ရှုကြရအောင်.🤗🤗