ငါးသိုင်းချောင်းမြို့နယ်မှာ ငဝန်မြစ်ရေ မြင့်တက်နေလို့ သတိပြုနေထိုင်ကြရန်

ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ်မှာ ငဝန်မြစ်ရေ မြင့်တက်နေလို့ မြစ်ကမ်းအနီး နေထိုင်သူတွေ သတိပြုနေထိုင်ဖို့ မိုး/ဇလက သတိပေးပြောကြားလိုက်ပါတယ်။

ယနေ့ ဩဂုတ် ၂၆ ရက်နေ့ နံနက်ပိုင်း တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် လာမည့် ရက်ပိုင်းအတွင်း ငါးသိုင်းချောင်းမြို့ရဲ့ စိုးရိမ်ရေမှတ် အထက်ကို ရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။

ယင်းကြောင့် ငါးသိုင်းချောင်းမြို့အတွင်းရှိ မြစ်ကမ်းအနီး နှင့် မြေနိမ့်ပိုင်း နေထိုင်သူတွေ သတိပြုနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။