ဩဂုတ်လ ၂၇ ရက်နေ့ မှုခင်းသတင်းများ

ဩဂုတ်လ ၂၆ ရက်နေ့ ၂၀၄၅ နာရီချိန်တွင် မတ္တရာမြို့နယ်၊ ထွေ/အုပ်ရုံးမှ အငယ်တန်းစာရေး ဉီးထွန်းနောင်ဦး (၂၉) နှစ်သည် ဇနီးဖြစ်သူ မီးဖွားနေသဖြင့် အညာကိုင်းကျေးရွာသို့ ခွင့်ဖြင့် ရောက်ရှိနေစဉ် အကြမ်းဖက်သမား ၅ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ဦးထွန်းနောင်ဦးအား ဖမ်းဆီးခေါ်ဆောင်၍ ငါးပြွန်လုံးကျေးရွာမြောက်ဘက်ရှိ လူသွားလမ်းဘေးတွင် သတ်ဖြတ်ခဲ့ကြောင်း သိရှိရ။