ဆူးလေ လူကူးခုံးကျော်တံတားပေါ်မှာ အလောင်းတွေ့ရှိ

ရန်ကုန်မြို့ ဆူးလေ လူကူးခုံးကျော်တံတားပေါ်မှာ ပိုင်ရှင်မဲ့အ မျိုးသား ရုပ်အလောင်းတွေ့ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ယနေ့ ဩဂုတ် ၂၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဆူးလေ လူကူးခုံးကျော် တံတားပေါ်မှာ ပိုင်ရှင်မဲ့ အမျိုးသား ရုပ်အလောင်းတွေ့ရှိမှုကို ဖုန်းသတင်းရရှိလို့ လင်းလက်မှုကူညီရေးအသင်းက ကူညီသယ်ဆောင်ပြီး ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

သေဆုံးသည့် အမျိုးသားမှာ မည်သူမည်ဝါဖြစ်တယ်ဆိုတာကိုတော့ မသိရသေးဘဲ အိမ်ခြေမဲ့ အမျိုးသား တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။