ရန်ကုန်ရှိ မြို့နယ် အချို့ ဇန်နဝါရီ ၂၃ရက် နံနက်ပိုင်းကစပြီး ရေ ပုံမှန်ပြန်ရမည်

ရန်ကုန်ရှိ မြို့နယ် အချို့ ယနေ့ နံနက်ပိုင်းကစပြီး ရေ ပုံမှန်ပြန်ရမယ်လို့ စည်ပင်က ပြောပါတယ်။

လှော်ကားရေလှောင်ကန်မှ ရန်ကုန်ရှိ မြို့တွင်းမြို့နယ်တွေနဲ့ မြို့နယ် ၁၁ ခုကို ရေပေးဝေနေတဲ့ ၆၆ လက်မ ကွန်ကရိရေပိုက်ပေါက်နေတာ ပြင်ဆင်မှု ဇန်နဝါရီ ၂၂ ရက်နေ့က ညနေပိုင်းက ပြင်ဆင်မှု ပြီးစီးသွားပြီဖြစ်လို့ ယနေ့ ဇန်နဝါရီ ၂၃ ရက်နေ့ နံနက်ပိုင်းကပြီးတော့ ပုံမှန်ရေးပေးဝေနေပြီလို့ သိရပါတယ်။