ကားတိုက်မှုတွင် ခေါင်းခန်းထဲညပ်နေသူကို အသက်ရှင်လျှက်ကယ်ထုတ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်ရိပ်မွန်အိမ်ရာရှေ့တွင် ဖေဖော်ဝါရီ (၈)ရက်၊ ညနေ (၅)နာရီအချိန်ခန့်ကဖြစ်ပွားခဲ့သည့် ကားနှစ်စီးတိုက်မှုဖြစ်စဥ်အတွင်း ကားခေါင်းခန်းထဲ ညပ်နေသည့် အမျိုးသားတစ်ဦးကို အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲမှ သိရသည်။

အဆိုပါ ယာဉ်နှစ်စီး တိုက်မိမှုကြောင့် ကားခေါင်းခန်းထဲ ညပ်နေသည့် အမျိုးသား တစ်ဦးကို ကူညီထုတ်ပေးခဲ့ရသည့်အပြင် ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီး (၂)ဦးတိုကိုလည်း ပုလဲအရန်မီး သတ်တပ်ဖွဲ့၏ လူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓါဝီဆေးရုံသို ပိုဆောင်ကူညီခဲ့ကြောင်း သိရပါတယ်။ #Crd