အာခါတိုင်းရင်းသားရိုးရာဒါန်းစီးပွဲတော်ကျင်းပ

ရှမ်းပြည်နယ်တွင် မှီတင်းနေထိုင်သော တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပွဲတော်များကို ဖော်ထုတ်မြှင့်တင်ခြင်းဖြင့် ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်လာစေရေးအတွက် (၁၃) ကြိမ်မြောက် အာခါတိုင်းရင်းသားရိုးရာစုပေါင်းဒါန်းစီးပွဲတော်ကို ကျင်းပခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ အူးဖူဒေးအာခါကျေးရွာတွင် ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်မှ ၁၅ ရက်အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။