(၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကျင်းပ

(၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး 20th ASEAN Air Chiefs Conference (20th AACC)သို့ တက်ရောက်ရန် အာဆီယံနိုင်ငံများမှ လေတပ်ဦးစီးချုပ်များရောက်ရှိ၊ နှစ်နိုင်ငံသီးခြားစီတွေ့ဆုံဆွေးနွေး၊ အစည်းအဝေးကျင်းပ၊ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အစည်းအဝေးသို့ တက်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံများမှ လေတပ်ဦးစီးချုပ်များ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်တွင် တည်ထားပူဇော်ထားသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်များအနက် ဥာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော် ဖူးမြော်ကြည်ညိုခဲ့ပြီး ကျောက်စာရုံစေတီတော်များနှင့် သာသနိကအဆောက်အဦများအား လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီး အလှူငွေများပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။