တရားမဝင် မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့်ယာဉ်တိမ်းမှောက်

မေလ ၇ ရက်နေ့က မြဝတီ-မဲဆောက်လမ်းမှ တစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများ တင်ဆောင်လာသော ပစ်ကပ်ကားမှာ တာ့ခ်ပြည်နယ်၊ ဖိုးဖရမြို့နယ်၊ ခီရီရတ်ကျေးရွာအနီး မဲဆောက်-အုန်းဖန် ကားလမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်တွင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ဖမ်းဆီးစစ်ဆေးရန် ဟန့်တားစဥ် ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့ကြောင်း သိရှိရပါသည်။ 
ထိုသို မောင်းနှင်ထွက်ပြေးခဲ့ရာမှ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ပစ်ကပ်ကားပေါ်တွင် လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ဒေသခံလူမှုကယ်ဆယ်အဖွဲ့များမှ ဖိုးဖဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။