လသာမြို့နယ် ဖက်တီးမ ထမင်းကြော်ဆိုင်တွင် လူတစ်ဦးသေနတ်ပစ်ခံရ

ရန်ကုန်မြို၊ လသာမြိုနယ်၊ (၂) ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ၁၇ လမ်းထိပ်ရှိ ဖက်တီးမလမ်းဘေး ထမင်းကြော်ဆိုင်တွင် စားသောက် နေသူတစ်ဦးကို အောက်တိုဘာလ ၂ ရက် ည ၁၀ နာရီ၌ အကြမ်းဖက်သမားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်သွားကြောင်းသိရသည်။

North Gate ဆောက်လုပ်ရေးကုမ္ပဏီဝန်ထမ်း ကိုဥာဏ်လွင်အေးသည် ဆိုင်တွင် ထမင်းကြော်သားနေစဥ် လွယ်အိတ်လွယ်ပြီး လမ်းလျှာက်လာသူ အကြမ်းဖက်သမားက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသဖြင့် ကိုဥာဏ်လွင်အေးတွင် ဝဲဘက်နားထင်ကျည်ဖောက်ဝင် (စိုးရိမ်ရ) ဒဏ်ရာရပြီးရန်ကုန်ပြည်သူ့ဆေးရုံကြီးသို ပိုဆောင်ထားကြောင်းသိရသည်။ အခင်းဖြစ်နေရာမှ အမေရိကန်ထုတ် ၉ မမကျည်ခွံသုံးတောင့်တွေ့ပြီး ပစ်ခတ်သူအကြမ်းဖက်သမားကို ပိတ်ဆို့ဖမ်းဆီးနေကြောင်းသိရသည်။

(NOM)