မန္တလေး-လားရှိုးကားလမ်းမှာ ခရီးသည်တင်ကား ယာဉ်တိုက်မှု ဖြစ်ပွား

ရှမ်းပြည်နယ် နောင်ချိုမြို့နယ် မန္တလေး-လားရှိုးကားလမ်းမှာ ခရီးသည်တင်ကား ယာဉ်တိုက်မှု ဖြစ်ပွားလို့ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်က ပြောပါတယ်။

ဇန်နဝါရီ ၂၉ ရက်နေ့ ည ၁၁ နာရီခွဲကျော်အချိန်ခန့်က မန္တလေး- လားရှိုးမိုင်တိုင်အမှတ် (၇၅/၅)နှင့် (၇၅/၆)တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါအမျိုးသား (၃)ဦးမှာ ပွန်းပဲ့ဒဏ်ရာများရရှိသဖြင့် ဖြူစင်မေတ္တာလူမှုရေးကူညီရေးယာဉ်ဖြင့် နောင်ချိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။