အမေရိကန်စစ်သင်္ဘော ဝင်ရောက်လာမှုကို တရုတ်အစိုးရကန့်ကွက်

ထိုင်ဝမ်သမ္မတသစ်တက်မလာခင် သီတင်းပတ်နှစ်ပတ်အလို မေလ(၈)ရက်မှာ အမေရိကန်စစ်သင်္ဘောတစ်စီးဟာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသွားလာခဲ့တယ်လို့ သိရပါတယ်။

ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်စစ်သင်္ဘောဝင်ရောက်လာမှုကို တရုတ်အစိုးရက ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။ ထိုင်ဝမ်ကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားတဲ့ တရုတ်အစိုးရဟာ ထိုင်ဝမ်ရေလက်ကြားကို စီမံပိုင်ခွင့်ရှိတယ်လို့ ပြောဆိုထားပေမယ့်လည်း ထိုင်ဝမ်နဲ့ အမေရိကန်တို့ကတော့ ရေလက်ကြားကို နိုင်ငံတကာရေလမ်းကြောင်းတစ်ခုလို့ပြောဆိုထားပြီး အငြင်းပွားမှုတွေဖြစ်နေတာလို့လည်း သိရပါတယ်။

အမေရိကန်စစ်သင်္ဘောတွေဟာ တစ်လလျှင်တစ်ကြိမ်ခန့် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသွားလေ့ရှိတယ်လို့ လည်း သိရပါတယ်။ မေလ(၂၀)ရက်မှာ ပြုလုပ်မယ့် ထိုင်ဝမ်ရွေးကောက်ခံသမ္မတလိုင်ချန်တေးရဲ့ကျမ်းသစ္စာ ကျိန်ဆိုပွဲမတိုင်ခင် ဒီလိုဖြစ်ရပ်တွေဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။ မေလ(၉)ရက်မှာ Arleigh Burke အမျိုးအစား ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS Halsey ဟာ နိုင်ငံတကာဥပဒေနဲ့အညီ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသွားလာခဲ့တယ်လို့ အမေရိကန်ရေတပ်ရဲ့ အမှတ်(၇)ရေတပ် က ပြောကြားခဲ့ပါတယ်။

အမေရိကန်စစ်သင်္ဘော USS Halsey ကို စောင့်ကြည့်ဖို့ နဲ့ သတိပေးမှုတွေ လုပ်ဆောင်ဖို့အတွက် ရေတပ်နဲ့လေတပ် တပ်ဖွဲ့ဝင်တွေကိ စေလွှတ်ခဲ့ပြီး ဥပဒေစည်းမျဉ်းတွေနဲ့အညီ ကိုင်တွယ်ဖြေရှင်းခဲ့တယ်လို့ တရုတ်စစ်တပ်က ပြောကြားခဲ့ပါတယ်။ တရုတ်စစ်တပ်ရဲ့အရှေ့ပိုင်းကွပ်ကဲမှုဌာနချုပ်က “အရှေ့ပိုင်းကွပ်ကဲမှုဌာနချုပ်မှာရှိတဲ့ တပ်ဖွဲ့ဝင်တွေဟာ အဆင်သင့်အနေအထားနဲ့ရှိနေပြီး ဒေသတွင်းတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးတို့အပြင် တရုတ်ရဲ့ အချုပ်အခြာအာဏာကို ပြတ်ပြတ်သားသားကာကွယ်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ထိုင်ဝမ်သမ္မတသစ်တက်မလာခင် ဖြစ်ပွားလာနိုင်တဲ့ တရုတ်ဘက်ကလှုပ်ရှားမှုတွေ အားလုံးအတွက် ထိုင်ဝမ်စစ်တပ်က အဆင်သင့်ပြင်ထားတယ်လို့ ကာကွယ်ရေးဒုဝန်ကြီးက Po Horng-huei က မေလ(၈)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။