အယ်လ်ဂျားဇီးယားသတင်းဌာနမှ သတင်းထောက်သည် ဟားမတ်စ်တပ်မှူးဖြစ်နေ

အယ်လ်ဂျာဇီးယားသတင်းဌာနအတွက် အလုပ်လုပ်ပေးနေတဲ့ ပါလက်စတိုင်းသတင်းထောက်တဦးဟာ ဟားမတ်စ်ကွန်မန်ဒိုတဦးဖြစ်တယ်လို အစ္စရေးကာကွယ်ရေးတပ်က စွပ်စွဲပြောဆိုခဲ့ပါတယ်။ Mohamed Washah ဆိုတဲ့ သတင်းထောက်ဟာ ဟားမတ်စ်တပ်မှူးဖြစ်တယ်လို IDF က ရုပ်ပုံ၊ စာရွက်စာတမ်းတွေရရှိထားတာကို အခြေခံပြီး ပြောဆိုခဲ့တယ်လိုလည်း အစ္စရေးမီဒီယာတွေက ဆိုပါတယ်။ ဂါဇာမြောက်ပိုင်းမှာ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေထဲမှာ သူ့နာမည်ပါဝင်တဲ့ လက်ပ်တော့တလုံးကို တွေ့ရှိခဲ့တယ်လိုလည်း အစ္စရေးစစ်တပ်က ပြောဆိုခဲ့ပါတယ်။