အသင်းဟောင်း ဆန်းတို့စ်သို့ ပြန်ပြောင်းရန် စီစဉ်နေသည့် နေမာ

မကြာသေခင်က မီဒီယာတွေမှာထွက်လာခဲ့တဲ့ပုံများတွင် ဒဏ်ရာကြောင့်အနားယူနေရတဲ့နေမာဟာ အဝလွန်နေတာကို တွေ့ရပါတယ်။ ပါတီအပျော်အပါးမက်သလောက် ကွင်းထဲမှာ မကြာခဏဆိုသလို ဒဏ်ရာ ရလေ့ရှိတဲ့ နေမာအတွက် အယ်လ်စီလယ်အသင်းဟာ အသင်းဟောင်းဆန်းတိုစ်နဲ့ စကားပြောဆိုမှုတွေ လုပ်ဆောင်ခဲ့တယ်လို သိရပါတယ်။

နေမာရဲ့ ငယ်ဘဝအသင်းဖြစ်တဲ့ ဆန်းတိုစ်အသင်းဥက္ကဌဖြစ်သူက နေမာနဲ့ ဘရာဇီးမှာတွေ့ဆုံ စကား ပြောဆိုခဲ့တယ်လို သိရပါတယ်။ လက်ရှိ နေမာနဲ့ အယ်လ်ဟီလယ်တိုစာချုပ်တိုဟာ ၂၀၂၅ မှာပြည့်မှာဖြစ်ပြီးတော့ ဆန်းတိုစ်အသင်းအနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

ဆော်ဒီကလပ်အသင်းဟာ နေမာရဲ့ ဒဏ်ရာအခြေအနေကိုစိတ်ပျက်နေပြီးတော့ စာချုပ်သစ်ဆက်ချုပ်ဖိုအတွက် မစဉ်းစားထားဘူးလို သတင်းတွေ ထွက်နေခဲ့ပါတယ်။