အိုလံပစ်ပြိုင်ပွဲဝင်ခွင့် ဆုံးရှုံးခဲ့ရတဲ့ ဘရားဇီး

၂၀၁၆ ရီယိုအိုလံပစ်နှင့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ နှစ်ကြိမ်ဆက် အမျိုးသားဘောလုံး ရွှေတံဆိပ်ဆုရှင် ဘရာဇီးလ်အသင်းဟာ အိုလံပစ်ခြေစစ်ပွဲမှာ အာဂျင်တီးနားအသင်းကို ၁ ဂိုးဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် ခြေစစ်ပွဲ မအောင်မြင်ခဲ့ဘူးလို သိရပါတယ်။

တောင်အမေရိကဇုန်ခြေစစ်ပွဲ နောက်ဆုံးအဆင့်မှာ အာဂျင်တီးနားနှင့် ဘရာဇီးလ်အပြင် ပါရာဂွေး၊ ဗင်နီဇွဲလားအသင်းများ ပါဝင်ခဲ့ပါတယ်။ ဘရာဇီးလ်အသင်းဟာ ၃ ပွဲ ကစားအပြီးမှာ ၁ ပွဲနိုင်၊ ၂ ပွဲရှုးခဲ့တာကြောင့် အိုလံပစ်ပြိုင်ပွဲနှင့် လွဲချော်ခဲ့ရပါတယ်။

ဘရာဇီးလ်အသင်းအနေဖြင့် ၂၀၀၄ အေသင်အိုလံပစ်ပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် အိုလံပစ် ခြေစစ်ပွဲ မအောင်မြင်ခဲ့ကြောင်း သိရပါတယ်။