ကလေးမြို့အစိုးရရုံးကို တပ်က မီးရှို့တယ်လို့ Khit Thit မှသတင်းအမှားရေး

မတ် ၁၇ ရက်နေ့ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်ရှိသော ခရိုင်ဆည်မြောင်းရုံးနှင့် ခရိုင်သစ်တောရုံးနေရာတို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ တပ်စွဲထားခြင်းမရှိကြောင်း၊ ၎င်းရုံးနေရာများအား PDF အဖွဲ့များက မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းကို Khit Thit Media မှ PDF တွေရဲ့ ယုတ်ညံ့တဲ့လုပ်ရပ်ကို ဗြောင်လိမ်ကာ တပ်မတော်အား အများပြည်သူများ အထင်အမြင်လွဲမှားစေရန် အပြစ်ပုံချကာ အပုတ်ချရေးသားထားခြင်းဖြစ်ပါတယ်။