မြဝတီ လက်ခတ်တောင်တိုက်ပွဲဖြစ်စဉ်အား Khit Thit မှ သတင်းအမှားရေး

ဇူလိုင်လ ၁၈ ရက် နံနက် ၇ နာရီဝန်းကျင်၌ တပ်မတော်မှ လက်နက်ကြီး ပစ်ကူအမြောက်အများအသုံးပြုကာ မြဝတီမြို့နယ်၊ လက်ခတ်တောင်ဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ဖြင့် KNU/ KNLA ပူးပေါင်းတပ်ဖွဲမှ ခုခံတိုက်ခိုက်ခဲ့ရာ ရင်ဆိုင်တိုက်ပွဲပြင်းထန်ခဲ့ပြီး ခလရ ၈ မှ ဗိုလ်ကြီး ၁ ဦးသေဆုံးကာ ခမရ ၁၁၈ မှ အခြားအဆင့် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ MA3 ၁ လက်၊ RPG ၃ လုံး၊ 60 mm ၃ လုံး၊ အီနာဂါဗုံးသီး ၄ လုံး နှင့် မိုဘိုင်းဖုန်း ၇ လုံးတို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၈ ရက်နေ့ မြဝတီမြို့နယ်၊ လက်ခတ်တောင်ဘက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KNU/KNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရရှိကာ လက်နက်/ ခဲယမ်းများ ဆုံးရှုးခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များ အရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ တပ်ဖွဲဝင် ၁ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိပြီး လက်နက်/ခဲယမ်းများသိမ်းဆည်းရမိတယ်လို့ သတင်းအမြတ်ထုတ်လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

Disinformation

FACT-CHECK