လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၁၀ ဦး သေဆုံးတယ်လို့ Mizzima မှ သတင်းအမှားရေး

ဇူလိုင်လ ၂၅ ရက် နှင့် ၂၆ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပိန်းဇလုပ်မြို့နယ်နှင့် ညောင်လေးပင်မြို့နယ်အကြား ရေတွင်းကုန်းနှင့် ယောက်သွားကုန်းကျေးရွာများအတွင်း စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့ ပူးပေါင်းထားသော တော်ဝင်ဒေါင်းစစ်ကြောင်းတို့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ၁၀ ဦးသေ၍ ၃၀ ကျော်ဒဏ်ရာရသည်ဟု Mizzima မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင် ၂၅ ရက် နှင့် ၂၆ ရက်နေ့တို့၌ ပိန်းဇလုပ်မြို့နယ်နှင့် ညောင်လေးပင်မြို့နယ်အကြား ယောက်သွားကုန်းကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား KNLA/ PDF များမှ ချောင်းမြောင်းတိုက်ခိုက်ခဲ့သဖြင့် စစ်သား ၁ ဦး ကျဆုံးသွားကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ Mizzima မှ ဖြစ်စဉ်အမှန်မရေးဘဲ အထင်မှားအောင် ၁၀ ဦးသေ၍ ၃၀ ကျော်ဒဏ်ရာရတယ်ဆိုပြီး လိမ်ညာရေးသားထားခြင်းဖြစ်ပါတယ်။

Disinformation

FactCheck