တန့်ဆည်မြို့တိုက်ပွဲတွင် စစ်သား ၃၀ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

တန့်ဆည်မြို့နယ် ချောင်းဦးရွာလမ်းခွဲအနီးသို့ ရောက်လာသော စစ်တပ်နှင့် PDF ပူးပေါင်းတပ်တို့ ယမန်နေ့နံနက် ၁၀ နာရီ ၄၅ မိနစ်မှ မွန်းတည့် ၁၂ နာရီအထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စစ်သား ၃၀ ထက်မနည်းသေဆုံးခဲ့ကြောင်း၊ Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၇ ရက်နေ့၌ တန့်ဆည်မြို့နယ် ချောင်းဦးရွာ လမ်းခွဲအနီးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ ထိတွေ့တိုက်ပွဲတွင် စစ်သည် ၂ ဦးသာ ကျဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်ကိုပုံကြီးချဲ့ကာ စစ်သား ၃၀ ဦး သေဆုံးတယ်ဆိုပြီး ရည်ရွယ်ချက်ရှိရှိ လမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

Disinformation

FactCheck