မင်္ဂလာရှိသော မနက်ခင်းလေးပါ

မမြဲတာတွေရဲ့အပေါ်မှာ
အားကိုးနေမိမယ်ဆိုရင်
တစ်နေ့ဆင်းရဲခြင်းနဲ့ကြုံရမယ် ။

ကုသိုလ်တရားတွေရဲ့အပေါ်မှာ
အားကိုးပြီးနေကြမယ်ဆိုရင်
ချမ်းသာပြည့်စုံမှုတွေကိုရကြမယ် ။

ပျက်စီးပြီးကျန်ခဲ့မယ့်အရာတွေကို
သိပ်ဖက်တွယ် မထားပါနဲ့ ။

သံသရာခရီးသွားဆိုတာ
ကုသိုလ်တရားတွေ ရှိမထားဘူးဆိုရင်

ဒီဘ၀ ချမ်းသာပေမယ့်လည်း
နောင်ဘ၀မှာ ဆင်းရဲနိုင်ပါတယ် ။

တစ်ခြားအရာတွေဟာ
နောင်ဘ၀ချမ်းသာရေးအတွက်ကို
အာမမခံပေးနိုင်ပေမယ့်
ကုသိုလ်ကတော့အာမခံပေးနိုင်လို့

ရှာပြီးစုကြမယ်ဆိုရင်
မီးမင်းခိုးသူတို့ မနှောက်ရှက်
မဖျက်ဆီးနိုင်တဲ့ကုသိုလ်ကိုပဲရှာစုပါ ။

🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏