မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷အလိုကင်းတဲ့ဆုပဲမျှော်လင့်ပါ🌷

မျှော်လင့်ချက်မပါတဲ့အပေးက
စိတ်ချမ်းသာပြီး နောင်တကင်းတယ် ။

အတ္တမပါတဲ့ အကူညီတွေက
အားကိုးထိုက်ပြီး လေးစားရတယ် ။

ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကို
မလိုချင်လို့ပဲ စွန့်လွှတ်စွန့်လွှတ်

လိုချင်လျက်နဲ့ပဲစွန့်လွှတ်စွန့်လွှတ်
အလိုကင်းရာဆုကိုပဲ မျှော်လင့်ပါ ။

လိုသူတွေပြည့်လို့ ချမ်းသာသွားရင်
ကိုယ့်အပေးဟာ ၀မ်းသာစရာပါပဲ ။

ရသွားသူတွေဆီကလာတဲ့
မေတ္တာဆုတရားတွေဟာ

ကိုယ်ပေးလိုက်တဲ့အရာတွေထက်
အဖိုးတန်ပြီး မြတ်နိုးဖို့ကောင်းပါတယ် ။

မလှူတတ်ရင်တော့
ဘယ်လောက်ကြီးပဲကုန်ကုန်
အကျိုးများကြဖို့ မသေချာပါဘူး ။

မြတ်ဖို့လှူတာဆိုရင်
အမြတ်ဆုံးနိဗ္ဗာန်ကိုပဲစိတ်ညွတ်ပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏