ဟောင်ကာဘုံးစခန်းကို သိမ်းပိုက်ပြီး စစ်သား ၃ ဦးသေဆုံး ၂ ဦးဖမ်းမိတယ်ဆိုပြီး Khit Thit မှ သတင်းအတုရေး

ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၅ နာရီမှစတင်၍ ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-Thantlang၊ CDF-Hualngoram ၊ CDF-Zophei ပူးပေါင်းတပ်ဖွဲ့တို့က ခလရ ၂၆၉ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဟောင်ကာဘုံးတပ်ခွဲစခန်းတစ်ခုကို သိမ်းပိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး စစ်သား ၂ ဦး ဖမ်းဆီးရရှိကာ လက်နက် ၆ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Khit Thitမှ သတင်းမှား ရေးသားထားကြောင်း တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၁၄ ရက်နေ့ တပ်မတော်ရဲ့ ခလရ ၂၆၉ ဌာနချုပ်တွင် CDF များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသလို၊ ဟောင်ကာဘုံးစခန်းတွင်လည်းတိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ဒေတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ ဖြစ်စဉ်မရှိဘဲ Khit Thitမှ စိတ်ကူးယဉ်ရုပ်ရှင်ရိုက်ကာ စခန်းသိမ်းနိုင်တယ်၊ ၃ ဦးသေတယ်၊ ၂ ဦးဖမ်းမိပြီး လက်နက် ၆ လက်သိမ်းဆည်းရမိတယ်ဆိုပြီး ဖြစ်စဉ်မရှိဘဲ လုပ်ကြံဖန်တီးရေးသားထားခြင်းဖြစ်ပါတယ်။