မူးတိန်ချောင်းအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးတယ်လို့ Khit Thit မှ သတင်းအတုရေး

ဇူလိုင် ၂၃ ရက်နံနက် ၇ နာရီခန့် ခင်ဦးမြို့နယ်၊ မူးတိန်ချောင်းဘက်မှ အင်အား ၁၂၀ ခန့် ဖြင့်ထွက်လာသော စစ်သား၊ ပျူစောထီးများကို နေ့လည် ၁၁ နာရီခွဲခန့်အချိန် သရက်ပင်ဝန်းကျေးရွာအဝင်လမ်းထိပ် ရာပြည့်စားသောက်ဆိုင်အနီးရောက် မိုင်းဆွဲကာပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်သား ၁၀ ဦးခန့်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း Khit Thit မှရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင် ၂၃ ရက်နေ့တွင် ခင်ဦးမြို့နယ်၊ မူးတိန်ချောင်း ၊ သရက်ပင်ဝန်းကျေးရွာတွင် တပ်မတော်နှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသလို မိုင်းဆွဲတိုက်ခိုက်ခံရခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်မရှိဘဲ စိတ်ကူးယဉ်ပြီး လူအထင်ကြီးအောင် PDF ဂုဏ်ဖော်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေတယ်လို့ အိမ်မက်ထဲက ဖြစ်စဉ်နှင့် သတင်းအတုလုပ်ကြံရေးသားထားခြင်းဖြစ်ပါသည်။

FakeNews

FACT-CHECK