ကော့ကရိတ်မြို့တိုက်ပွဲမှာ စစ်သား ၅ ဦးသေတယ်ဆိုပြီး Khit Thit မှ သတင်းအမှားရေး

ဇူလိုင်လ ၁၉ ရက်နံနက် ၆ နာရီခန့်မှ နေ့လည် ၁ နာရီခန့်အထိ ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်း၊ ကော့နွဲ၊ ရွာသစ်ကျေးရွာများနှင့် အနီးအနားကျေးရွာများကို ပိတ်ဆိုဖျက်ဆီးကာပြည်သူများကို စစ်ဆေးမှုများလုပ်ဆောင်နေသည့် အင်အား ၇၀ ကျော်ရှိ တပ်မ ၄၄၊ ခလရ ၉၇ မှ စစ်သားများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက်မနည်းသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်း၊ ကော့နွဲ၊ ရွာသစ်ကျေးရွာများနှင့် အနီးအနားကျေးရွာများတွင် KNLA/ PDF များမှ မြို့/ရွာအတွင်း လနက ၃ လုံးပစ်ခတ်ခဲ့ရာ ပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ပစ်လိုက်သောနေရာတွင် တပ်များရောက်ရှိနေခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ ပြည်သူတွေကို KNLA/PDF တွေပစ်လို့ထိခိုက်ဒဏ်ရာရသွားတာကို KNLA/PDF ယုတ်မာမှုကိုဖုံးကွယ်ချင်တာနဲ့ဘဲ အရှက်မရှိ စစ်သား ၅ ဦးသေပြီး ၆ ဦးဒဏ်ရာရတယ်လို့ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

Disinformation

FACT-CHECK