လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီးက လက် အောက်ငယ်သားအပေါ် ထိုးကြိတ်ဆိုတဲ့သတင်းအမှား

ဧပြီလ ၆ ရက်နေ့ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ အမှတ်(၁၂)တပ်မတော် တန်းမြှင့်လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းဖွင့်လှစ်ရန်အတွက် လိုအပ်သောပြင်ဆင်မှုများပြုလုပ်လျက်ရှိပြီး ရေတွင်း/ ရေကန်များအား ပြန်လည်ပြုပြင်တူးဖော်စေရာတွင် အထက်အရာရှိဖြစ်သူ သင်တန်းမှူး ဗိုလ်မှူးအား ဒုအရာခံဗိုလ် ဘိုအေးမှ မကျေနပ်သည့် အမူအရာဖြင့် မချေမငံပြန်လည်ပြောဆိုခဲ့သည့်အတွက် တာဝန်ရှိသူများမှ ပြောဆိုဆုံးမခဲ့ခြင်းသာဖြစ်ပြီး ထိုးကြိတ်ရိုက်နှက်ခြင်းနှင့် ချုပ်နှောင်ခြင်းများ ပြုလုပ်ခဲ့ခြင်းမရှိသော်လည်း Ayeyarwaddy Times မှ တပ်တွင်းစည်းလုံးမှုပြိုကွဲစေရန်နှင့် တတက(၁၂)ကျောင်းအုပ်ကြီးအား အများပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် တင်မင်အပုပ်ချကာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။