အချုပ်အခြာအာဏာနဲ့ ဗုဒ္ဓဘာသာကို ကာကွယ်နေသော…

မလောက်မင
ထောက်ပြလို့မရတဲ့
လစာလေးကနေ
အလှူပေးနေတာ
စစ်သားတွေပါ..

အသက်ခန္ဓာနှင်းအပ်ကာဖြင့် ကိုယ်လက်အင်္ဂါ ချိုယွင်းရှာလည်း
ရသည့်ငွေကြေး လက်မနှေးဘဲ ပေးလှူတတ်တာ စစ်သားပါ..

စစ်ကိုမုန်းလို့တိုက်နေတဲ့ စစ်သားတွေရဲ့
အလှူကဗ္ဗည်း ရှုမငြီးကို
နေရာစုံမှာတွေ့နိုင်တယ်..

အသက်သွေးချွေး
ပေးဆပ်ကာမှ ရလာရသည့် ရိက္ခာ၊လစာ ငွေအသပြာကို စေတီဘုရား ကျောင်းများမကျန် ပေးလှူတတ်တာ စစ်သားပါ..

ငှက်ပျောအူဝိုက် ခြင်တွေကိုက်လည်း
မစိုက်သူ့မှာ အေးဆေးစွာဖြင့်
ရင်မြေကတုတ် ကြံ့ကြံ့လုပ်လို့
ပြည်ဖျက်အမှိက် ရန်စွယ်တသိုက်ကို
ချေမှုန်းကာနေ ပြည်ချစ်စစ်သားတွေ..

အမျိုး၊ဘာသာ၊သာသနာအတွက်

အမြဲမပြတ်ကာကွယ်ကာနေ စစ်သားတွေ
အပြင်ပန်းက ကြမ်းတမ်းလှလေ ထင်ရပေမဲ့

နူးညံ့နှလုံး အမြဲထုံး၍ မြန်ပြည်အကျိုး ရွက်သယ်ပိုးနေ ပြည်ချစ်စစ်သားတွေ…