သိုင်းငင်တိုက်ပွဲတွင် စစ်သား၁၅ ဦးသေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် တီးတိန်မြို့နယ်၊ သိုင်းငင်စစ်တပ်ကင်းစခန်းကို ချင်းဒေသကာကွယ်ရေးတပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းကိုသိမ်းပိုက်စီးနင်း နိုင်ခဲ့ကြောင်း၊ စစ်သား ၁၅ ဦး သေဆုံးကာ လက်နက်၊ ခဲယမ်းများပါ သိမ်းဆည်းရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၁ ရက်နေ့တွင် တီးတိန်မြို့နယ်၊ သိုင်းငင်စစ်တပ်ကင်းစခန်းတွင် လုံခြုံရေးတပ်များနှင့် CDF များတိုက်ပွဲဖြစ်ပွားခဲ့ပြီး CDF အလောင်း ၃ လောင်း၊ ကျည်အိမ် ၃ ခု၊ ကျောပိုး အိတ် ၂ လုံး၊ ဆေးမျိုးစုံ ၁ ထုပ် တပ်မတော်ကရရှိခဲ့ပြီး ကင်စခန်းကိုလည်း သိမ်းပိုက်စီးနင်းခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ သတင်းအမြတ်ထုတ်ကာ စခန်းကို သိမ်းပိုက်စီးနင်းနိုင်ပြီး၊ စစ်သား ၁၅ ဦးသေဆုံးတယ်လို့ အရှက်မဲ့စွာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

Disinformation

FACT-CHECK