ပုသိမ်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း တပ်မှထွက်ပြေးတယ်လို့ သတင်းအတုရေး

နိုဝင်ဘာလ ၃၀ ရက်နေ့၌ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)နှင့် ထောင်ကုန်းစစ်သားစုဆောင်းရေးတပ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထွက်ပြေးကြတဲ့ဖြစ်စဉ်မရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိခဲ့ရပါတယ်။ ဖြစ်စဉ်မရှိဘဲ Ayeyarwaddy Times မှ အများပြည်သူများ အထင်အမြင်မှားစေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အပုတ်ချ၍ စိတ်ကူးယဉ်ကာ လုပ်ဇာတ်ဆင်ပြီးရေးသားထားခြင်းသာဖြစ်ပါတယ်။