ကျွန်တော်ချောလားအဘ?

(အကြပ်စစ်သည်ဆောင်အတွင်းတာဝန်ကြပ်မှ တန်းစီမီဖို့အရေး ဆော်သြနေသည်)

တာဝန်ကြပ်- ဟေ့ကောင်တွေ ထကြ ဘယ်အချိန်ရှိနေပြီလဲ ဒီနေ့ တပ်ရင်းမှူး တန်းစီမှာကွ ထကြထကြ၊ ညကျရင် ခွေးလိုသောက် မနက်ဆို ခွေးလိုနိုးနေရတာ
ထိုအချိန် တပ်သာထွန်းမောင် ခေါင်းထောင်ကြည့်ပြီး
“ဟာ ဆရာအခု ကျွန်တော်တို့ကို နိုးနေတာလေ”
“ဒီ ငါ×××က စကားဝင်ထောက်နေပြန်ပြီ မင်းဟာမင်း ထစရာရှိတာ ထပြီး၊ တန်းစီဖို့ အရေးလုပ်တော့”
“ဟုတ်ကဲ့” ဆိုပြီး ထွန်းမောင် မျက်နှာသစ်ရေချိုးဖို့ပြင်လိုက်သည်
“ဘာကောင်တွေလဲ မသိဘူး၊ ဟေ့ကောင်တွေ ထကြဟ… ဒီအချိန်ဆို သတောင်းစားတွေတောင် တောင်းစားဖို့ အိပ်ရာက နိုးပြီးတက်ကြွနေပြီကွ”
ထိုအချိန် တံဘက်လေးပုခုံးပေါ်တင်၊ ဆပ်ပြာခွက်ကိုင် ထွက်နေတဲ့ တပ်သားထွန်းမောင်က
“တို့ ဆရာ အရမ်းတွေ တက်ကြွနေတယ်ဟ”
“ဟာ ဒီခွားသေးလေးနဲ့တော့ မဟုတ်တော့ဘူး၊ မင်းတောင် အခုတက်ကြွစွာနဲ့ ရေချိုးတော့မှာ မို့လား”
တပ်သားထွန်းမောင် စကား ၂ ခါ အထောက်ခံရပြီးနောက် စကားကို ထိန်းပြီး အကြပ်စစ်သည်ဆောင်က ရဲဘော်တွေကို တစ်ကွက်ပြောင်း နိုးလိုက်ပုံက

“ကနေ့ တန်းစီနောက်ကျတဲ့သူ ဖက်ထိပ် ဧရိယာ ၂ ယောက်စာ လုပ်ရမယ်လို့ မနေ့က တပ်ရေးဗိုလ်ကြီးက RSMကြီးကို ပြောနေသံ ကြားတယ်နော် မင်းတို့ ဖာသာ ထချင်ထ မထချင်နေကြတော့၊ ငါကတော့ ယူနီဖောင်းလဲပြီးပြီမို့ သွားပြီဟေ့”
ဖက်ထိပ်ဆိုတဲ့ အသံကြားတာနဲ့ ရှေ့တန်းမှာ ပင်ပန်းသမျှ မြို့ပေါ်မှာ နှပ်မယ်လို ကြံထားတဲ့ ရဲဘော်များ တာဝန်ကြပ်ပြောပြီးနောက် တန်းစီမီဖို့ အရေး မြန်မြန်လုပ်နေကြသည်
“ရှေ့ကြည့်
တပ်ရင်းသတိ
တပ်ရင်း တပ်ခွဲလိုက် ညာညှိ
ရှေ့ကြည့်”
တပ်ရင်းအရာခံဗိုလ်မှ တပ်ရေးဗိုလ်ကြီးကို တန်းအပ်ပြီး တပ်ရင်းမှူး အလာကို စောင့်နေကြစဉ်၊ တပ်သားထွန်းမောင် အသံတိုးတိုးလေးနဲ့
“ဟေ့ကောင် ဘရန်ဆိုင်း မင်းဒီနေ့ အရမ်းတွေမိုက်နေပါ့လား ၊ ယူနီဖောင်းက စမတ်ကို ဖြစ်နေတာဘဲ”
အမြှောက်ကြိုက်တဲ့ ဘရန်ဆိုင်းက မျက်နှာကြီး ဖြီးနေသည်
“အေးကွ မင်းတို့ထက် ရူပါရှိတော့ စမဲ့ဖြစ်အောင် ပြင်ထားရတာပေါ့ကွာ”
“စမဲ့ မဟုတ်ပါဘူးဟ စမတ် စမတ်”
“အေး မင်းပြောတဲ့ စမဲ့ကွာ စမဲ့”
“ဒါနဲ့ သားကြီး မင်းက စမဲ့ ဖြစ်ယုံမကဘူး
တပ်ရင်းတစ်ရင်းလုံးမှာ မင်းက အရမ်းချောတာပဲလို့ ဟိုနေ့က
ရှေ့တန်းဝင်တဲ့အချိန် ပန်းကုံးစွပ်နေကြတဲ့ လိုင်းထဲက မှီခိုကောင်မလေးတွေ ပြောသံ ငါကြားလိုက်တယ်”
ထိုအချိန် သက်သားအနေအထား ခပ်ပျောပျောနေနေတဲ့ ဘရန်ဆိုင်း ခါးကြီး မတ်လာလေရဲ့
“မင်းမပြောလည်း ငါ့ကိုယ်ငါ သိတယ်”
ထပ်တို့ချင်တဲ့ ထွန်းမောင် အချွန်နဲ့ ထပ်မလေသည်
“မင်းကိုယ်မင်း လူချောကြီး ထင်နေလို့ မရဘူ၊ တပ်ရင်းတစ်ရင်လုံးသိမှ နာမည်တွင်ပြီး လူအများက လက်ခံမှာ ၊ တပ်ရင်းမှူးက အေးငါတပည့်က တကယ်ချောပါတယ်ကွ ပြောမှာ မင်း လူချောကြီးဆိုတာ
တပ်ရင်းတစ်ရင်းလုံး သိမှာ”

ထိုအချိန် တပ်ခွဲ အနောက်မှာ တန်းစီနေတဲ့ တပ်ခွဲ CSM က
“ဟို၂ကောင် စကားပြောနေတာ ရပ်တော့၊ ပေါက်တူးဓါးကြည့်ထားနော်”

တပ်ခွဲ CSM ကြီးစကား ကြားပြီး ထွန်းမောင်နဲ့ ဘရန်ဆိုင်း ငြိမ်သွားလေသည်
တန်းအပ်ခြင်း၊ အလေးပြုသစ္စာဆို ၊ တပ်ရင်းမှူးက ဝတ်စားဆင်ယင်မှုများ စစ်ဆေးပြီးနောက်

တပ်ရင်းမှူးက “တပည့်တို့ တို့တွေ ရှေ့တန်း-×=%`%(%{@$)%)ပြောပြီးနောက်
ဘာသတင်းပို့စရာရှိလဲ”မေးလိုက်ချိန်
ထွန်းမောင်က “ဘရန်ဆိုင်း မင်းချောမချော မေးလို့ရမယ့် အခွင့်အရေးဘဲ ဟေ့ကောင် မေးလိုက်”
မိန်းကလေးတွေ အကြည့်ကို လိုချင်နေတဲ့ ဘရန်ဆိုင်း မဆိုင်းမတွဘဲ လက်ကြီးထောင်ပြီး “ရှိပါတယ်”ထအော်လေသည်

“တပ်ခွဲ- ( )မှာ ကျွန်တော်
ကိုယ်ပိုင်အမှတ် တ-××××××
တပ်သား ဘရန်ဆိုင်းပါ အဘ”
“အေးတပည့် ပြော”
“အဘ မျက်လုံးထဲမှာ ကျွန်တော်ချောလား အဘ”
“ဟေ”
ဘရန်ဆိုင်းရဲ့ အမေးကို တပ်ရင်းမှူး ခဏတာ ကြောင်သွားပြီးနောက်
“ချောတာပေါ့ တပည့်ရာ မင်းချောချက်က ဘီလူးတောင် အရှုံးပေးရလောက်တယ်”
“ဟုတ်ကဲ့ အဘ၊ အဘ ဘယ်လိုပြောပြော ချောတယ်ဆိုတဲ့ဟာပါရင်ကို ကျွန်တော် ဘွဲ့ခံယူလို့ရပြီ အဘ”
“ဟေ ဘယ်လိုဖြစ်တယ်”

“ဒီလိုပါ အဘ၊ အဘ ပါးစပ်ကနေ ချောတယ်လို့ ပြောတာနဲ့ တပ်ရင်းရဲ့လူချောကြီးဘွဲ မင်းခံယူလို့ ရပြီလို့ ထွန်းမောင်ကပြောပါတယ် အဘ၊ အခု အဘက မင်းချောချက်က ဘီလူးတောင် အရှုံးပေးရလောက်တယ်လို့ ပြောလာတော့ တပ်ရင်းတစ်ရင်းလုံးရဲ့ ရဲဘော်တွေကြားမှာ ကျွန်တော် လူချောကြီးဘွဲ့ ခံယူလို့ ရပါပြီ အဘ”
“ဟာ အေးပါကွာ”