ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံမှုရဲ့ ရလဒ်

ပြီးခဲ့တဲ့စနေနေ့ ဇူလိုင်လ ၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲတက်ရောက်ချိန် သတင်းထောက် တွေကိုပြောဆိုခဲ့တဲ့အပေါ် ပြည်တွင်းမှာ ထင်မြင်ချက်အမျိုးမျိုးနဲ့ သုံးသပ်မှုတွေရှိနေပါတယ်။ ပြည်ဖျက်မီဒီယာတွေနဲ့ NUG အဖွဲ့ကတော့ မဖြစ်နိုင်ဘူး တရားမဝင်ဘူး စသည်ဖြင့် ထင်မြင်ချက်အမျိုးမျိုးနဲ့ ငြင်းနေကြပါတယ်။

ဘယ်လိုပဲ သုံးသပ်မှုတွေရှိနေပါစေ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်တဲ့စိတ်နဲ့ ပုဂ္ဂိုလ်စွဲပြီး လက်နက်ကိုင်ပြီး အကြမ်းဖက်လုပ်ငန်းတွေလုပ်ဆောင်နေတဲ့ လူငယ်အများစုတွေထဲမှာတော့ တော်တော်လေးဂယက်ရိုက်ခဲ့သလို တော်တော်လေးလည်း စိတ်ဓာတ်တွေကျပြီး လမ်းပျောက်နေကြတယ်လို့သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်ကို အရင်တုန်းကလည်း အားမပေးခဲ့သလို ယခုလည်း အားမပေးကြောင်းနဲ့ NUG /CRPH နဲ့ PDF အကြမ်းဖက်အဖွဲ့တွေကို အသိအမှတ်မပြု အားမပေးကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံတဲ့အချိန်မှာ ပြောကြားခဲ့ကြောင်းသိရပါတယ်။ ဒါကြောင့် NLD ပါတီကို ပုဂ္ဂိုလ်စွဲနဲ့ အားပေးအားမြှောက်ပြုလုပ် ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားကြတဲ့ လူငယ်အများစုအနေနဲ့ အခုအချိန်မှာ အမြင်မှန်ရပြီး လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကိုစွန့်လွှတ်ပြီး တိုင်းပြည်ကောင်းရာကောင်းကျိုးအတွက် ပြန်လည်ဆောင်ရွက်သင့်ပြီလို့ သတိပေးချင်ပါတယ်။

အလင်းပြန်ဝင်မယ့်လူတွေလည်း အခုဆိုရင်တော်တော်များနေပြီလို့လည်းသိရပါတယ်.။ အဲလိုလူငယ်လေးတွေရဲ့ ရင်ဖွင့်ခံစားချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။