မန္တလေး စက်မှုဇုန်၁ရှိ ပီနံအိတ်စက်ရုံဝင်းအတွင်း ဂိုဒေါင်မီးလောင်မှု Level 3 အဆင့်ရှိ

ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၃ နာရီကျော် အချိန်ခန့်၊ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ ကနောင်မင်းသားကြီးလမ်းနှင့် လမ်း(၇၀)ရှိ ပီနံအိတ်စက်ရုံတွင် မီးလောင်မှုဖြစ်ပွါးခဲ့လို့ Level 3 ယာဉ်အုပ်စုများ ထွက်ခွါမီးငြိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်က ပြောပါတယ်။

နံနက် ၆ နာရီ ခန့်မှသာ မီးငြိမ်းသွားပြီး မီးလောင်မှု ဖြစ်စဉ်နဲ့ ပျက်ဆီးဆုံးရှုံးမှု တန်ဖိုးကိုတော့ မသိရသေးပါဘူး။